Thursday, December 29, 2011

ဧချင်း

at 4:44 PM 0 comments
မနွေးထွေးရင်နေပါ
အဝေးမပြေးရင် ဖြေသာပါတယ်။
အရိပ်ကလေး မြင်ရရုံနဲ့
စိတ်အဆွေး ရွှင်ပျသူပါ။
စွဲလမ်းတယ် ဆိုတာထက်
အမြဲတမ်းအတွက် ရည်ရွယ်သူပါ။
ပြန်မချစ်ရင် နေပါ
ကျန်ရစ်သူရဲ့
ဘ၀အရှုံး တစ်သက်လုံးအတွက်
ပြုံးပြရင်းလည်း ကျေနပ်မယ်။
အမုန်းမဲ့ ထုဆစ်ထားတဲ့
အပြုံးတုပဲ ဆိုပါတော့။
ခြောက် သွေ့ ပဲ့ ကြေ
နွေကမ်းခြေမှာ
စမ်းရေအဖြစ် သိမ်းထားမယ်။

မောင်လှမျိုး {ချင်းချောင်းခြံ}

ရွက်ပုန်း ရင်ကွဲ

at 4:22 PM 0 comments
ဘ၀ကို အားငယ်စွာ
ငါ့ကို ချစ်ရင် နားလည်ပါလို့
ငါ...
လေပြေမထိုး
ဆင်တတ်ရင် လှသလို
မြတ်နိုးမှုဆိုတာလည်း
မြင်တတ်ရင်ရှိပြီး
ကြည့်တတ်ရင် သိပါတယ်။
မမြင်မသိ
အပင်၏ခြေ အမြစ်နွေကို
မျက်ရည်မလောင်း ဆုမတောင်းဘူး။
မြင်တတ်ရင် ပန်
ဆင်ထိုက်ရင် မွှေး
ရနံ့ထွေးလို့
မဝေးတဝေး မပြေးမလွှား
နံဘေးနားမှာ
ဆေးသားမထင် ခင်မြဲကြင်လျှက်
ရင်ကွဲအပင် စိမ်းနေ၏ . . . ။

မောင်လှမျိုး {ချင်းချောင်းခြံ}


Monday, December 26, 2011

LoNEly DeCeMbeR

at 11:16 PM 0 comments
*.˛.°★。˛°. °**★** LoNEly DeCeMbeR *★* *˛.
˛°_██_*。*.*/ ♥ \ .˛* .˛.*.★* *★ 。*
˛. (´• ̮•)*˛°*/.♫.♫\*˛.* ˛_Π_____. * ♥ ˛*
.°( . • . ) ˛°./• '♫ ' •\.˛*./______/~\*. ˛*.。˛* ˛. *。
*(...'•'.. ) *˛╬╬╬╬╬˛°.|田田 |門|╬╬╬╬ .:
¯˜"*°••°*"˜¯`´¯˜"*°••°*"˜¯ ` ´¯˜"*°´¯˜"*°••°*"˜¯`´¯˜" *°°°°°

စစ်မြေပြင်

at 10:19 PM 0 comments

လူတွေလူတွေရဲ့ ဦးနှောက်စစ်မြေပြင် နှလုံးသားစစ်မြေပြင် ကိုယ်ကျင့်တရားစစ်မြေပြင် အလိုရမ္မက်စစ်မြေပြင် အတ္တစစ်မြေပြင် ~!@#$% စစ်မြေပြင် ~!@#27$%11^&*2011~!@#$%^
ဘ၀ထဲက အဲဒီအဲဒီစစ်မြေပြင်တွေမှာ “သစ္စာတရားနဲ့စာနာထောက်ထားမှု” ဆိုတာ မြူမှုန်တစ်ခုစာမျှသာာာာာာ

အဖွားရဲ့ပုံပြင်အဆုံးသတ်

at 10:17 PM 0 comments

ငယ်ငယ်တုန်းက အဖွားက သူ့ပုံပြင်ဆုံးတိုင်း အမြဲနှစ်သိမ့်တယ် ..
“ စိတ်မပူပါနဲ့ ၀မ်းနည်းစရာဆိုတာတကယ်ရှိရင် ပျော်စရာလည်းတကယ်ရှိမှာပေါ့ ” တဲ့ ။ ။

အဆိပ်သင့် မျှော်လင့်ခြင်း

at 10:03 PM 0 comments

မျှော်လင့်ခဲ့ဖူးသလို ဆုံးရှုံးသွားတဲ့အခါ တလွဲဖြစ်ရပ်တွေနဲ့ မရေရာတော့တဲ့မနက်ဖြန်တွေမှာ ဘယ်လိုယုံကြည်မှုမျိုးနဲ့ နောက်ထပ်မျှော်လင့်ရမလဲ ။
မျှော်လင့်ချက်ဆိုတာ အထားမတော်ရင် ကိုယ့်ကိုပြန်အဆိပ်သင့်စေတယ် ။ ။

LoNeLy

at 9:37 PM 1 comments
ဘ၀ရဲ့အထီးကျန်ဆုံးဆိုတာ ကိုယ်မျှော်လင့်ထားသူနဲ့ မဆုံနိုင်တော့တာ မဟုတ်ပါဘူး။ အဲဒီလူ ကိုယ့်နှလုံးသားထဲကနေ တဖြည်းဖြည်း ထွက်ခွာသွားတာပဲဖြစ်ပါတယ် ။ ။

Saturday, December 17, 2011

ထင်မြင်ယူဆချက်

at 1:14 PM 3 comments
အဲဒီ ထင် မြင် ယူဆချက် ဆိုတာ လူတိုင်းအတွက် တကယ့်ကို အရေးကြီးပါတယ်။ ဒီ ထင် မြင် ယူဆချက် ဆိုတာက ကိုယ့်ဘာသာ ထင်တယ် ကိုယ့်ဘာသာ မြင်တယ် ပြီးတော့ ကိုယ့်ဘာသာပဲ ယူဆလိုက်တဲ့ သဘောကိုပြောချင်တာပါ (တကယ်တမ်းတော့ သူတို့ ထင် မြင် ယူဆ လိုက်သလို ဖြစ်ချင်မှဖြစ်လာတာပါ) ။

ဘာအလုပ်ပဲဖြစ်ဖြစ် အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လူတွေရဲ့အတွေးကနေစပါတယ်။ နေရာတိုင်းမှာ အကောင်းဘက်ကကြည့်တဲ့သူတွေ (positive thinking) ရှိသလို အဆိုးမြင်တတ်တဲ့သူတွေ (negative thinking) လည်းရှိပါတယ်။ အကောင်းမြင်တတ်တဲ့သူတွေ အပြုသဘောဆောင်တဲ့သူတွေက အလုပ်တစ်ခုကို
ဖြစ်နိုင်တယ် ဖြစ်အောင်ဘယ်လိုလုပ်မယ် ဆိုတာကနေ စတွေးပါတယ်။

အဆိုးမြင်တတ်တဲ့သူတွေကတော့ ဒါမဖြစ်နိုင်ပါဘူး ဒါကိုလုပ်လိုက်ရင်တော့ ဘယ်လို အခက်အခဲတွေဖြင့်ကြုံရနိုင်တယ် ဆိုတာကနေစတွေးပါတယ်။ ကိစ္စတစ်ခုအောင်မြင်ဖို့အတွက် အဲဒီအတွေးအခေါ်မျိုးက တကယ်ပြဿနာရှိပါတယ်။

ကျွန်မတို့ရဲ့ CEO မကြာခဏပြောဖူးတဲ့ ဥပမာလေးတစ်ခုက ဒီလိုပါ - လူပိန်လေး မောင်ဖြူနဲ့မောင်နီဆိုပြီး သူငယ်ချင်း၂ယောက်ရှိတယ်။ တစ်နေ့ကျတော့ သူတို့၂ယောက်ကို သူတို့ထက်လူကောင်ကြီးတဲ့သူငယ်ချင်းတစ်ယောက်က စစ်တိုက်တိုင်းဆော့ကြမယ်။ သေနတ်နေရာမှာ လေးခွမှာဖော့လုံးတွေသုံးပြီးပစ်ကြမယ်။
ဘယ်သူအချက်များဆုံးထိအောင်ပစ်နိုင်မလဲ ဆိုပြီး စိန်ခေါ်ပါတယ်။ သူတို့သူငယ်ချင်း၂ယောက် တိုင်ပင်တယ်။
အဲဒီမှာ မောင်နီက ပြောပါတယ် "မောင်ဖြူ သွားမပြိုင်နဲ့ကွာ ဟိုကငါတို့ထက်လူကောင်ကြီးတယ်။ သူကငါတို့ကိုပစ်ရင် ငါတို့ပဲခံရလိမ့်မယ်။"မောင်ဖြူကပြန်ပြောပါတယ် "မင်းဘာလို့အဲလိုတွေးလဲ။ တကယ်ဆို
သူကလူကောင်အကြီးကြီးပဲ။ အဲဒီတော့ လေးခွနဲ့ပစ်ဖို့ချိန်တဲ့အခါမှာ သူ့ခန္ဓာကိုယ်ကပစ်မလွဲပဲ။ နောက်ပြီး သူငါတို့ကိုပြန်ပစ်တဲ့အခါဆိုလည်း ငါတို့ကလူကောင်သေးတဲ့အတွက် ငါ့တို့ကိုထိအောင်ပစ်နိုင်ဖို့က သူ့ကို ထိအောင်ပစ်ရတာထက် ပိုခက်ပါတယ်" ဆိုပြီး ပြိုင်ပါသတဲ့။ “အဲဒီအခါမှာ ရလာဒ်က ဘာဖြစ်နိုင်မလဲ” ဆိုတဲ့ အမေးအဖြေနဲ့ CEO က သူ့ဥပမာလေးကိုအဆုံးသတ်ပါတယ်။

ဒီဥပမာလေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ လူနှစ်ယောက်က ကိစ္စတစ်ခုတည်းကို မတူညီတဲ့ ရှု့ထောင့်နှစ်ခုကနေ ကြည့်တဲ့အခါမှာ ကြည့်တဲ့ရှု့ထောင့်ပေါ်မှာ မူတည်ပြီး ရမယ့်ရလာဒ်လည်းကွဲပြားတယ် ဆိုတာကိုပြောချင်တာပါ။

စတွေးကတည်းက မအောင်မြင်ဘူးလို့တွေးတဲ့သူက ပန်းတိုင်မရောက်ခင် လမ်းမှာကြုံရမယ့်အခက်အခဲတွေကိုပဲ အရင်တွေးတယ် မြင်တယ်။ စတွေးကတည်းက အောင်မြင်အောင်လုပ်မယ်လို့တွေးတဲ့သူကတော့ ကြားကအခက်အခဲတွေကို မတွေးပါဘူး။ ဘယ်လိုလုပ်ရင် အောင်မြင်နိုင်မလဲ ဆိုတာကိုပဲ တွေးပါတယ် မြင်ပါတယ်။ ဘယ်အလုပ်ကိုပဲလုပ်လုပ် စစချင်းတွေးလိုက်တဲ့အတွေးဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခု အောင်မြင်အောင်ကြိုးစားဖို့/အောင်မြင်ဖို့က အဲဒီအတွေးပေါ်မှာ အများကြီးမူတည်နေပါတယ်။

အခက်အခဲဆိုတာကတော့ နေရာတိုင်း အလုပ်တိုင်းမှာရှိနေတာပါပဲ။ ကြိုတွေးလို့လည်း မရသလို ဘယ်နေရာရောက်ရင် ဘယ်လိုအခက်အခဲနဲ့ကြုံရမယ်ဆိုတဲ့ ပုံသေနည်းလည်း မရှိပါဘူး။ ကြုံတောင်မကြုံရသေးဘူး ကြိုတွေးပြီး နောက်တွန့်နေမယ်ဆိုရင် ကိုယ်လုပ်တဲ့အလုပ်ဟာ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းသထက်နည်းပြီး ဘယ်တော့မှလည်း အောင်မြင်လာမှာမဟုတ်ပါဘူး။

ဘယ်လိုအလုပ်မျိုးလုပ်တာပဲဖြစ်ဖြစ် လူတစ်ယောက်မှာ positive thinking ရှိနေဖို့အရေးကြီးပါတယ်။ ဒါဆို တစ်ဝက်နီးပါးအောင်မြင်နေပါပြီ။ အခုကျွန်မပြောတဲ့အကြောင်းအရာတွေကို ဖတ်လိုက်ရင် ဒါတွေက ကျွန်မတို့အားလုံး နားလည်သိရှိပြီးသားလိုပါပဲ။ တကယ်တမ်းလက်တွေ့မှာတော့ “ရှောင်သင့်တာတွေကို ရှောင်ဖြစ်လား သုံးသင့်တာကိုရော တကယ်သုံးဖြစ်လား” တွေးကြည့်တဲ့အခါ “ကျွန်မတို့တွေ သိပေမယ့် မလုပ်ဖြစ်ခဲ့တာတွေ” က ပိုများနေပါတယ်။

လူတိုင်းဟာ အရင်ဆုံး ကိုယ့်ရဲ့အတွေးအခေါ်ကစပြီး ဂရုစိုက်သင့်ပါတယ်။ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်ဆိုတာ အတွေးအခေါ်ရဲ့နောက်မှာမှ လိုက်လာတာပါ။ အဲဒီအတွေးအခေါ်ကနေစပြီး သေချာဂရုစိုက်မယ်ဆိုရင် အလုပ်ခွင်မှာ ၊ မိသားစုမှာ ၊ ပတ်ဝန်းကျင်မှာ ၊ နောက်ဆုံး ကိုယ့်ဘ၀မှာပါ အမှားတွေ နည်းသထက်နည်းပြီး
ရည်မှန်းချက်တွေလည်း အောင်မြင်လာမှာ အသေအချာပါပဲ။

မာယာဖြူ
၁၆.၁၂.၂၀၁၁ {သောကြာ}
9:12 PM

Thursday, December 8, 2011

စတင်ခြင်းနှင့်အတူ.....

at 2:08 PM 4 comments
၂၀၁၁ ရဲ့ ချမ်းချမ်းအေးအေး ဒီဇင်ဘာ-၈ ရက် {ကြာသပတေး} နေ့မှာ www.maryarphyu.com
ဆိုတဲ့ ဒီဆိုက်ဒ်လေးကို စတင်ခဲ့သလို ဒီနေ့က “မာယာဖြူ” ဆိုတဲ့ ကျွန်မရဲ့မွေးနေ့လည်းဖြစ်ပါတယ် (ဘယ်နှစ်နှစ်မြောက်လည်း ဆိုတာတော့မပြောတော့ဘူးနော် :P) ။ ။

ဒီဆိုက်ဒ်လေး စတင်တဲ့အမှတ်တရအနေနဲ့ရော ကျွန်မရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ပါ စာလေးတစ်ပုဒ်
ရေးချင်ပေမယ့် ဘာရေးရမလဲ သေချာစဉ်းစားမရတာနဲ့ပဲ တွေးမိခဲ့တဲ့ အားလုံးရဲ့မွေးနေ့တွေနဲ့
သက်ဆိုင်တာလေးကိုပဲ ရေးဖြစ်ခဲ့ပါတယ် ။ ။

မွေးနေ့ဆိုတာ တနည်းအားဖြင့် အတိတ်ဘ၀ရဲ့ ကံအကျိုးပေးကြောင့် ကျွန်မတို့တွေ ဒီခန္ဓာရလာခဲ့တဲ့နေ့ပါ ။ နေခဲ့တဲ့သက်တမ်းတစ်လျှောက် ဘ၀အတွက် ရုန်းကန်လှုပ်ရှားရင်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ကုသိုလ်စိတ်နဲ့နေခဲ့ချိန်၊ အကုသိုလ်စိတ်နဲ့နေ့ခဲ့ချိန် ဘယ်စိတ်နဲ့ နေချိန်ပိုများခဲ့သလဲဆိုတာကို တခြားနေ့တွေမှာ မတွေးရင်တောင်မှ ကိုယ့်မွေးနေ့ရောက်လာရင်တော့ ပြန်ဆင်ခြင်တွေးတောကြည့်ရင်း ရိုးရိုးသားသား အဖြေထုတ်ကြည့်သင့်ပါတယ် ။

အဲဒီလို ပြန်တွေးလိုက်တဲ့အခါ ကိုယ်ဘယ်စိတ်နဲ့ အများဆုံးနေထိုင်ဖြတ်သန်းခဲ့သလဲ ဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့မနက်ဖြန်ခရီးက ကံအကျိုးပေး လမ်းကြမ်းလား လမ်းကောင်းလား ဆိုတာ ဆင်ခြင်မိလာမှာပါ။

ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ မွေးနေ့ကျရောက်နေကြတာမို့ ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ရင်း အထူးပြုဆင်ခြင်ပြီး အချိန်မလင့်ခင် ဆင်ခြင်အမြင်နဲ့ လူတိုင်းဘ၀ခရီးဆက်နိုင်ကြဖို့ ဒီမွေးနေ့ပို့စ်လေးကနေ အကြံပြုရင်း
" HAPPY BIRTHDAY မာယာဖြူ " ....
ပြီးတော့ ဒီဆိုက်ဒ်လေးကို ကျွန်မအတွက်မွေးနေ့လက်ဆောင်အဖြစ် စတင်မွေးဖွားပေးခဲ့သူကိုလည်း ဒီပို့စ်ကနေပဲ “ကျေးဇူးတင်ပါတယ်” လို့ ထပ်ပြောလိုက်ပါရစေ ။ ။


မာယာဖြူ
၈.၁၂.၂၀၁၁ {ကြာသပတေး}
2:10 PM

မျှော်လင့်ခြင်းရဲ့ အခြားတစ်ဘက်

at 3:50 AM 2 comments
ဘယ်လောက်ထိ ....... လဲ ?
ဘယ်လိုမျိုး ........ လဲ ?
ဘယ်တော့ .......... လဲ ?
တတွတ်တွတ်နဲ့ ဒီမေးခွန်းမျိုးတွေ
အရင်လိုခုန်ပေါက်ပြေးမထွက်တော့ဖို့
ကိုယ့်နှလုံးသားကိုယ် ထုံဆေးထိုးထားမိတယ် ။

အပြုံးတွေနဲ့ မျိုသိပ်နေတတ်ဖို့
ဘယ်သူသင်ပေးခဲ့လဲ ။

နှလုံးသားဆန္ဒတွေကို
တစ်စုံတစ်ရာက ချုပ်နှောင်လိုက်တဲ့အခါ
မက်ခဲ့တဲ့အိပ်မက်တွေနဲ့
ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်နှစ်ထိ
ေ၀၀ါးနေရအုံးမလဲ ။

လျှောက်ခဲ့ဖူးတဲ့ လမ်းတချို့မှာ
ခြေရာတွေကို ပြန်ရှာကြည့်တယ် ။

နှလုံးသားက ကမ်းစပ်မဟုတ်တော့
ဖြတ်လျှောက်သွားသူရဲ့ခြေရာအတိမ်အနက်
မမြင်သာစေခဲ့ပြန်ဘူးလေ ။

မျှော်လင့်ခြင်းကွင်းပြင် အဆုံးသတ်သွားတဲ့အခါ
အခြားတစ်ဘက်မှာ ဘာရှိနေမလဲ ?
အဖြေတွေ မရေရာပေမယ့်
နေ ပါ စေ တော့ လေ ။ ။


မာယာဖြူ
December 2, 2011 {Friday}
4:08 PM

အကယ်၍များ

at 3:48 AM 1 comments
အကယ်၍များ
ဝေး သွား ခဲ့ ရင်

ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ငါ့နှလုံးသားကိုပါ
မေ့ဖျောက်လွှင့်ပစ်ဖို့ မင်း လွယ်ပေမယ့်
ကြင်နာခဲ့တဲ့ နေ့ရက်တွေကို
ငြင်းဆန်ဖို့ မင်း ခက်လိမ့်မယ် ...

အနမ်းတစ်ခုဟာ အနမ်းတစ်ခုအဖြစ်နဲ့
ခြေရာတစ်စုံဟာ ခြေရာတစ်စုံအဖြစ်နဲ့
အတူရှိဖူးတဲ့နေရာတွေမှာ ထင်ကျန်ရစ်ဦးမယ် ...

အချစ်ဆိုတာ
စကားတစ်လုံးသက်သက် မဟုတ်ပါဘူး
လေထဲမှာ မှိန်ပြယ်သွားတတ်ပေမယ့်
နှလုံးသားမှာ ခပ်နှိပ်ထားတဲ့အရာဖြစ်တယ် ...

ငါဟာ မင်းအတွက်
တဒင်္ဂ ယစ်မူးမှု ဖြစ်နိုင်ပါတယ် ...

မင်းဟာ ငါ့အတွက်တော့
ထာဝရ ကြေကွဲမှု ဖြစ်တယ် ...

မင်း တန်ဘိုးထားသည်ဖြစ်စေ
မေ့လျော့သည်ပဲဖြစ်စေ
ငါမင်းကိုချစ်ခဲ့တယ်ဆိုတာ မင်းသိသင့်တယ် ...

ငါ ဘယ်လောက်ပဲ မာကြောနေပါစေ
မင်း မမြင်နိုင်ခဲ့တဲ့
ဒီရင်ဘတ်ထဲမှာ တို့နှစ်ယောက်အတွက်
မျှော်လင့်ချက်တွေ ရှိခဲ့တယ် ...

အကယ်၍များ
ဝေးသွားခဲ့ရင်
ငါမပါတဲ့ဘ၀တစ်ခုမှာ
မင်း ပျော်ရွှင်စေဖို့ ဆုတောင်းပေးမှာပါ ...

အကယ်၍များ
မင်းနဲ့ငါ
ဝေး သွား ခဲ့ ရင် ပေါ့ .........


မာယာဖြူ
5.10.2011 {ဗုဒ္ဓဟူး}
11: 15 pm

ဘာအတွက်ကြောင့်များ

at 3:45 AM 1 comments
ဒီမနက် ရုံးမှာအရမ်းရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်အမတစ်ယောက် သူ့အမျိုးသားနဲ့စကားများလာလို့ ငိုနေတာကို ကြည့်ရင်း တွေးမိတယ်။ အဲဒီအမနဲ့သူ့အမျိုးသားက မကြာခဏစကားများကြပြီး သူလည်းမကြာခဏ ငိုတာကို မြင်နေရသလို ကိုယ့်ကိုလည်း သူ့ရဲ့အကောင်းအဆိုးတွေကို ရင်ဖွင့်နေကျမို့ သူငိုတိုင်း စိတ်မကောင်းဖြစ်ရတယ်။

သူ့အမျိုးသားက လူတစ်ယောက်ကို အထက်စီးကနေ စကားလုံးအကြီးကြီးတွေနဲ့ ထိုးနှက်တတ်တဲ့ လူအမျိုးအစားထဲမှာ ပါတာကြောင့် သူနဲ့ကိုယ်ရင်းနှီးပေမယ့် စကားအပြောအဆို သိပ်မရှိအောင် ရှောင်ဖြစ်တယ် (ပြောရရင်တော့ မြန်မာစကားကို ရေရေလည်လည် အသုံးချတတ်သူပေါ့)။ ချစ်သူဘ၀တုန်းကတော့ အဲဒီအမကိုအရမ်းဂရုစိုက်တယ်။ သူလေကြီးတာကို သိပေမယ့် ဒီအမအပေါ်တော့ ကြင်နာတတ်တဲ့ လူတစ်ယောက်အဖြစ် သူ့ကိုမြင်ခဲ့တယ်။

ဒါကြောင့်လည်း "မိန်းမတစ်ယောက်အတွက်တော့ ငွေကြေးပြည့်စုံတဲ့ယောင်္ကျားထက် အကြင်နာတရား ကိုယ်ချင်းစာတရားတွေနဲ့ ပြည့်စုံတဲ့ယောင်္ကျားကိုရမှသာ အိမ်ထောင်ရေးကံကောင်းတယ် လို့ဆိုနိုင်တာပါ" ဆိုတဲ့ သူ့ခံယူချက်အတိုင်း အရမ်းကိုစန်းပွင့်ပြီး ချစ်စရာကောင်းတဲ့အမက ဒီယောင်္ကျားကိုပဲ သူ့ဘ၀လက်တွဲဖော်အဖြစ် ရွေးခဲ့ပါတယ်။ အခုဆို ချစ်စရာကောင်းတဲ့ ၄နှစ်ခွဲအရွယ် သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်။

ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းတော့ သူမ မျှော်လင့်ခဲ့တာတွေ ပြောင်းလဲသွားခဲ့တယ်။ သူ့အမျိုးသားက အလုပ်ကိစ္စနဲ့ ခရီးခဏခဏထွက်နေရသူမို့ တူတူရှိတဲ့အချိန်လေးကို ကြည်ကြည်နူးနူးနေချင်ပေမယ့် တကယ်တမ်းတော့ ရန်ပွဲဆင်နွှဲရတာကသာ များနေခဲ့တယ်။ ဘယ်လိုပဲ လင်နဲ့မယား လျှာနဲ့သွား ပြောပြော ခဏခဏကိုက်မိနေတဲ့အခါ ဒဏ်ရာအကြီးကြီး ဖြစ်လာနိုင်တာပါပဲ။ နောင်တစ်ချိန်ကျရင် ဒီယောင်္ကျားဘေးမှာ ကျန်နေခဲ့မယ့် တစ်ဦးတည်းသောအဖော်ဟာ ကိုယ့်ဇနီး ၊ ဒီမိန်းမဘေးမှာ ကျန်နေခဲ့မယ့် တစ်ဦးတည်းသောအဖော်ဟာလည်း ကိုယ့်ယောင်္ကျားပဲမို့ လင်နဲ့မယားဆိုတာ လောကမှာ အရင်းနှီးဆုံးသူစိမ်းတွေ ဖြစ်နေရဲ့သားနဲ့ ၊ မပြောမဆို မပက်သက်ပဲဘယ်လိုမှနေလို့မရနိုင်ပဲနဲ့ ၊ မိုးလင်းလို့မျက်လုံးအစုံဖွင့်လိုက်တာနဲ့ ပထမဆုံးမြင်ရတဲ့မျက်နှာ ညအိပ်ရာဝင်တဲ့အခါ မျက်လုံးတွေမမှိတ်ခင်အထိ နောက်ဆုံးအမြင်အာရုံဟာ ကိုယ့်နံဘေးက ကိုယ့်အိမ်ထောင်ဘက် ဖြစ်နေရဲ့သားနဲ့ ၊ ဘ၀ရဲ့အချို အချဉ် အငန် အခါး ရသပေါင်းစုံကို အတူတူရင်ဆိုင်ဖြတ်သန်းနေရင်းနဲ့ ၊လင်နဲ့မယားဆိုတာ နှစ်ယောက်ပေါင်းမှ ဘ၀တစ်ခုဖြစ်နေရဲ့သားနဲ့ ဘာလို့များ ကိုယ့်ရဲ့အနီးကပ်ဆုံး အရင်းနှီးဆုံးလူကို နာကျင်စေရတာလဲ ? နာကျင်မှုပဲဖြစ်ဖြစ် ကြင်နာမှုပဲဖြစ်ဖြစ် ပေးရတာခြင်း တူတူပါပဲ။ ဒီနာကျင်မှုတွေအစား လင်မယားဆက်ဆံရေးမှာ အဖိုးမဖြတ်နိုင်တဲ့ တခြားကြင်နာနွေးထွေးမှုတွေ ပေးမယ်ဆို ဘယ်လောက်ကောင်းမလဲ။ နာကျင်စရာဟာ ပေးရတဲ့သူအတွက်လည်း မကောင်းသလို ခံယူရတဲ့သူအတွက်တော့ ပိုလို့တောင်ဆိုးပါသေးတယ်။ နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေတဲ့အရာပါ။ တစ်ဦးနဲ့တစ်ဦးကြား ဘာလို့များ နာကျင်စရာကို ကြင်နာစရာထက် ပိုဖက်တွယ်နေလဲဆိုတာ တွေးလေ နားမလည်လေ ဖြစ်မိပါတယ်။ မိန်းမတွေကတော့ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သူတို့ရဲ့နာကျင်မှုကို မျက်ရည်အဖြစ်သာ သွန်ထုတ်လျော့ချနိုင်ကြတာပဲမလား။ သူငိုနေတာကို ကြည့်ရင်း ကြည့်ရင်း ကိုယ်လည်း တွေးရင်း တွေးရင်း ........................................

မာယာဖြူ

တကယ့်သူငယ်ချင်းဆိုတာ

at 3:44 AM 1 comments
တကယ်တော့ ငါဟာဘယ်သူဖြစ်တယ်ဆိုတဲ့ ကိုယ်စားပြုတွေက ဘ၀မှာ သိပ်အရေးမပါပါဘူး။ အရေးပါတာက ဘယ်သူငါ့ကို ယုံကြည်သလဲ? ချစ်ခင်သလဲ? တန်ဖိုးထားသလဲ? ပေါင်းသင်းသလဲ? ဆိုတာပါပဲ။ တကယ့်သူငယ်ချင်း အစစ်အမှန်ဆိုတာ လူတွေအားလုံး ကိုယ့်ကိုဝိုင်းပယ်ပြီး ထားခဲ့တဲ့အချိန်မှာ ကိုယ့်ဘေးမှာ ကျန်နေခဲ့မယ့်သူပဲဖြစ်တယ်။ အတူစားပါ၊ အတူသွားပါ၊ အတူပျော်ရွှင်ကြည်နူးပါ၊ အတူပြုံးပါ၊ အတူရယ်ပါ၊ သူငယ်ချင်းကောင်း မကောင်း ဒုက္ခရောက်တဲ့အခါမှ သိရပါသတဲ့။ ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ်ချစ်တဲ့သူဖြစ်တယ်။ ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူ။ ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်း။ ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကိုတစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။ တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက်နေသူဖြစ်တယ်။ တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ့်ဖက်က လိုချင်တာတွေ များသွားလို့ပါ။ ပြီးတော့ ကိုယ့်ကိုအများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားတွေ မှားနေလို့ပါ။ လူတွေကို မယုံတဲ့သူ လူတွေကို သည်းမခံနိုင်တဲ့သူ လူတွေအကြောင်း မကောင်းပြောတတ်သူဟာ အဖော်မဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ဖြစ်အောင်နေလိုက်ပါ။

မာယာဖြူ

ငါမိန်းကလေးပဲ

at 3:39 AM 0 comments
ငါမိန်းကလေးပဲ
တစ်ခါတစ်လေ ပြဿနာမရှိ ပြဿနာရှာမယ် တစ်ခါတစ်လေ ဘာမဟုတ်တာနဲ့ စိတ်ကောက်မယ် စိတ်ဓာတ်မကျပါနဲ့
. . .

ငါမိန်းကလေးပဲ
တစ်ခါတစ်လေ မုန်းတယ် ပြောချင်ပြောမယ် တစ်ခါတစ်လေ အမြင်ကတ်တယ် ပြောချင်ပြောမယ် စိတ်မညစ်ပါနဲ့ . . .

ငါမိန်းကလေးပဲ
တစ်ခါတစ်လေ ဆိုးနွဲ့မယ် တစ်ခါတစ်လေ ဂျီကျဂျစ်တိုက်မယ် သည်လိုပါပဲ . . .

ဒါပေမယ့် အဲလိုအခါတိုင်း ငါ့ရင်ဘတ်နဲ့ပါးစပ်
ပြောင်းပြန်အချိုးကျတယ် ဆိုတာလေးပဲ နင်နားလည်ပေးပါ။

မာယာဖြူ

အလွမ်းတို့ အိမ်ပြန်ချိန်

at 3:38 AM 0 comments
အချိန်တန် အိမ်ပြန်ချိန် ရောက်ခဲ့တုန်းက
ပုလဲတစ်ပေါက်ချင်း ကြွေနေတဲ့ ကမ္ဘာမှာ
ငါဟာ.....
ဆောင်းစရာထီးမရှိတော့
လွမ်းဆွတ်မှုအပြည့်နဲ့ စိတ်ကိုပဲ
ထီးအစားထိုးလို့ ဆောင်းဖို့တွေးရင်း
အကာအကွယ်မဲ့နေတဲ့
ငါ့အပေါ်
တစ်စင်းပြီးတစ်စင်း ညာသံပြင်းပြင်းနဲ့ 
ခုန်ဆင်းလာတဲ့ အလွမ်း မိုးစက်ပွင့်တွေကို
အဟုန်ပြင်းစွာ
ထိုးနှက်ခွင့်ပေးလိုက်ရတယ် . . .


မာယာဖြူ
(23.05.2011)
Mon

ချစ်သူကို ပြောင်းလဲဖို့မကြိုးစားပါနဲ့

at 3:36 AM 1 comments
ကိုယ့်ဘေးက ချစ်သူကို သူ့အရှိအတိုင်းပဲချစ်ပါ။ အရာရာကို ကိုယ့်စိတ်ကြိုက် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်စိတ်ကြိုက်ပုံသွင်းဖို့ ကြိုးစားမယ်ဆိုရင် ဒါဟာ "အချစ်" မဟုတ်ပါဘူး။ "အပေးအယူ" တစ်ခုပဲဖြစ်ပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဘာလဲ / ဘာလုပ်နေလဲ ကိုယ်တိုင်အသိဆုံးမို့ ကိုယ်မကြိုက်တာကိုလည်း ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ သူ့အလိုလိုပြုပြင်ပြောင်းလဲလာပါလိမ့်မယ်။ သူ့အတွက် ကိုယ့်နှလုံးသားထဲက စစ်မှန်တဲ့ ကြင်နာနွေးထွေးမှုနဲ့ အချိန်လေးသာပေးလိုက်ပါ။



မာယာဖြူ
(1.5.2011)
Sunday 5:52 PM

အလွမ်းတွေနဲ့ကင်း ထွန်းလင်းနေပါရစေ

at 3:35 AM 0 comments
မမြင်နိုင်တဲ့အနာဂတ်အထိ
အသိမ်မွေ့ဆုံးမေတ္တာတွေနဲ့
တို့နှစ်ဦးလျှောက်မယ့်လမ်း ခက်ခဲမယ်ဆိုရင်တောင်
အလွမ်းတွေနဲ့တော့ကင်းပါရစေ...

မျှော်လင့်ချက်နဲ့လင်းတဲ့ မေတ္တာမီးအိမ်
ကမ္ဘာတည်သရွေ့မဟုတ်ရင်တောင်
မျက်လုံးအစုံပွင့်နေသမျှတော့
ထွန်းလင်းနေပါရစေ...။

မာယာဖြူ

ညာခဲ့တာ ငါမှမဟုတ်ပဲ

at 3:33 AM 1 comments
အရင်ကသာ
ဟန်ဆောင်တာ သိခဲ့ရင်
မင်းနှုတ်ဖျားက တေးသွားတွေကို
နှလုံးသားနဲ့ စည်းချက်မလိုက်ခဲ့ပါဘူး ...

အခုတော့
ရင်ခုန်သံတွေကို အားနာလိုက်တာ
နှလုံးသားကို သတိထားမိတော့
ခပ်နွေးနွေးလေး ခုန်နေသေးတယ် ...

ဒါပေမယ့်လေ
အဆင်ပြေသွားမှာပါ

ညာခဲ့တာ ငါမှမဟုတ်ပဲ ...

မာယာဖြူ

ဘာအတွက်ကြောင့်မှ

at 3:33 AM 1 comments
တခါတလေ
နင်နဲ့ငါ့ကြား
အမှတ်မထင်
ဘာမဟုတ်တာနဲ့ စကားများတဲ့အခါ

နင်ငါ့ကို
နားမလည်တဲ့အခါ
စိတ်မရှည်တဲ့အခါ
မယုံကြည်တဲ့အခါ

ငါစိတ်ဆိုးတာကို
နင်တလွဲတွေးတဲ့အခါ

နှုတ်ဆိတ်ရင်နာရုံကလွဲလို့
ဘာမှမတတ်နိုင်ပါ
ဘာမှလည်းမပြောချင်ပါ
သေချာတာကတော့

ဘာအကြောင်းနဲ့မှ
ဘာအတွက်ကြောင့်မှ
နင့်ကိုငါ
စိန်မခေါ်ခဲ့ဖူးပါ....။


မာယာဖြူ
21.04.2011
(Thursday)
3:29 PM

တကယ်စိတ်ချမ်းသာတဲ့သူ

at 3:30 AM 0 comments
ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကို ငါချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။ ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။

အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူမှ တကယ်စိတ်ချမ်းသာတဲ့သူ။

မာယာဖြူ

နင်ခံစားတတ်မယ်ဆိုရင်

at 3:28 AM 1 comments
တစ်ခါတစ်ရံ
ပြုံးတိုင်း ပျော်နေတာ မဟုတ်သလို
ငိုတိုင်းလည်း ၀မ်းနည်းလို့ မဟုတ်ပါဘူး

နှုတ်ဆိတ်နေတိုင်း ၀န်ခံနေတာ မဟုတ်သလို
ဝန်ခံလိုက်တိုင်းလည်း နင်မှန်နေလို့ မဟုတ်ပါဘူး

အရှုံးပေးပါတယ်ပြောတိုင်း ရှုံးတာ မဟုတ်သလို
ဒူးမထောက်တိုင်းလည်း မရှုံးလို့ မဟုတ်ပါဘူး

လမ်းခွဲနှုတ်ဆက်ထားခဲ့တိုင်း မုန်းလို့ မဟုတ်သလို
အတူတူရှိနေတိုင်းလည်း အသက်လောက်ချစ်နေတာ မဟုတ်ပါဘူး

အချစ်က လူတစ်ယောက်နဲ့လဲဖို့ အဖိုးမတန်တာ မဟုတ်သလို
လူတစ်ယောက်ဘ၀ထက် အဖိုးတန်တာလည်း အချစ် မဟုတ်ပြန်ဘူး

....................................................

.................................................................

ဒီလို ဒီလို ဆန့်ကျင်ဘက် ခံစားချက်တွေရဲ့ အဓိပ္ပါယ်တွေကိုသာ
နင်ခံစားတတ်မယ်ဆိုရင် ........


မာယာဖြူ
Saturday (26.02.2011)
3:20 PM

နေပါစေတော့

at 3:26 AM 0 comments
ဝေးကွာမှုတွေကြား
နားလည်မှုပါ လွဲတဲ့အခါ

ဖွင့်ဟခက်သူတစ်ယောက်ရဲ့
အရာမထင်မယ့် အလွမ်းတွေမို့

စာမဖွဲ့လိုတော့ပါ
မမြင်သာလည်း နေပါစေတော့ . . . . .

မာယာဖြူ

ဆွဲအားမဲ့လမင်း

at 3:23 AM 0 comments
ကိုယ်ဟာ
ကမ္ဘာကြီးမှောင်နေချိန်မှာ
အလင်းရောင်တွေ ဖြန့်ကျက်ပေးနိုင်တဲ့
ကမ္ဘာကြီးရဲ့လမင်းလို
ချစ်သူရဲ့ဘ၀ကို
အလင်းရောင်တွေ ဖြန့်ကျက်ပေးနိုင်မယ့်
ချစ်သူရဲ့လမင်း ဖြစ်ချင်သူပါ ...

ကမ္ဘာကြီးရဲ့လမင်းကတော့
နေရဲ့အလင်းကို ပြန်နိုင်သလို
ပင်လယ်ရေမျက်နှာပြင်ကိုလည်း
မြင့်တက်လာအောင် ဆွဲငင်နိုင်သတဲ့ ...

ဒါပေမယ့်
ကိုယ်ကတော့
နေရဲ့အလင်းကို မပြန်နိုင်သလို
ချစ်သူရဲ့နှလုံးသားကိုလည်း
မဆွဲငင်နိုင်တဲ့
ဆွဲအားမဲ့
လတစ်စင်းပါ ...

မာယာဖြူ

ဘ၀ဆိုတာပင်လယ်ပမာမို့

at 3:15 AM 0 comments
သူငယ်ချင်းရေ . . .

တို့တွေဟာ ဘ၀ရဲ့ခရီးလမ်းတွေကို
ရဲဝံ့စွာဖြတ်သန်းဖို့အတွက်
အဖော်မပါ တစ်ကိုယ်တည်း
စိန်ခေါ်သံနဲ့ ကြွေးကြော်လို့
လူသားဘ၀ စခဲ့တာပါ

ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက်
တွယ်တာသူတွေတွေ့လို့
သံယောဇဉ်ပေါင်းများစွာကိုတည်ဆောက်
ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ လောကထဲ
တွေ့ ဆုံ ကြုံ ကွဲ ဘ၀ရဲ့ သင်္ခါရသဘောတွေကိုလည်း
ခါးစည်းခံကြရပြန်ပါတယ်

ဘ၀ဆိုတာ
အဆုံးအစမဲ့ပင်လယ်နဲ့ အလားသဏ္ဍာန်တူမို့
ဒုက္ခဆိုတာလည်း လှိုင်းတံပိုးတွေလိုပါပဲ
ပင်လယ်နဲ့လှိုင်းဆိုတာ
အတူယှဉ်တွဲနေတာ သဘာဝမို့
ရှောင်ဖယ်မရမယ့်အတူတူ
ကြုံလာတဲ့ ဒုက္ခတွေအတွက်
စိတ်ဓာတ်ကျနေမယ့်အစား
ဒီတစ်ခါမြုပ်လျှင်
ကြိုးစားလို့ ကူးခတ်
ဖြတ်သန်းလိုက်စမ်းပါ

တစ်နေ့နေ့တော့
မင်းမြင်ချင်တဲ့အလင်းရောင်က
လေပြည်ကြားမှာ
သေချာပေါက် ထွန်းလင်းလာမှာပါ...

မာယာဖြူ
 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review