တို့တွေဟာ ဘ၀ရဲ့ခရီးလမ်းတွေကို
ရဲဝံ့စွာဖြတ်သန်းဖို့အတွက်
အဖော်မပါ တစ်ကိုယ်တည်း
စိန်ခေါ်သံနဲ့ ကြွေးကြော်လို့
လူသားဘ၀ စခဲ့တာပါ
ဖြတ်သန်းရတဲ့ ဘ၀တစ်လျှောက်
တွယ်တာသူတွေတွေ့လို့
သံယောဇဉ်ပေါင်းများစွာကိုတည်ဆောက်
ဖြစ်ချင်တိုင်းမဖြစ်ရတဲ့ လောကထဲ
တွေ့ ဆုံ ကြုံ ကွဲ ဘ၀ရဲ့ သင်္ခါရသဘောတွေကိုလည်း
ခါးစည်းခံကြရပြန်ပါတယ်
ဘ၀ဆိုတာ
အဆုံးအစမဲ့ပင်လယ်နဲ့ အလားသဏ္ဍာန်တူမို့
ဒုက္ခဆိုတာလည်း လှိုင်းတံပိုးတွေလိုပါပဲ
ပင်လယ်နဲ့လှိုင်းဆိုတာ
အတူယှဉ်တွဲနေတာ သဘာဝမို့
ရှောင်ဖယ်မရမယ့်အတူတူ
ကြုံလာတဲ့ ဒုက္ခတွေအတွက်
စိတ်ဓာတ်ကျနေမယ့်အစား
ဒီတစ်ခါမြုပ်လျှင်
ကြိုးစားလို့ ကူးခတ်
ဖြတ်သန်းလိုက်စမ်းပါ
တစ်နေ့နေ့တော့
မင်းမြင်ချင်တဲ့အလင်းရောင်က
လေပြည်ကြားမှာ
သေချာပေါက် ထွန်းလင်းလာမှာပါ...
မာယာဖြူ
0 comments:
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....