ကမ္ဘာကြီးမှောင်နေချိန်မှာ
အလင်းရောင်တွေ ဖြန့်ကျက်ပေးနိုင်တဲ့
ကမ္ဘာကြီးရဲ့လမင်းလို
ချစ်သူရဲ့ဘ၀ကို
အလင်းရောင်တွေ ဖြန့်ကျက်ပေးနိုင်မယ့်
ချစ်သူရဲ့လမင်း ဖြစ်ချင်သူပါ ...
ကမ္ဘာကြီးရဲ့လမင်းကတော့
နေရဲ့အလင်းကို ပြန်နိုင်သလို
ပင်လယ်ရေမျက်နှာပြင်ကိုလည်း
မြင့်တက်လာအောင် ဆွဲငင်နိုင်သတဲ့ ...
ဒါပေမယ့်
ကိုယ်ကတော့
နေရဲ့အလင်းကို မပြန်နိုင်သလို
ချစ်သူရဲ့နှလုံးသားကိုလည်း
မဆွဲငင်နိုင်တဲ့
ဆွဲအားမဲ့
လတစ်စင်းပါ ...
မာယာဖြူ
0 comments:
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....