Thursday, December 8, 2011

တကယ့်သူငယ်ချင်းဆိုတာ

at 3:44 AM
တကယ်တော့ ငါဟာဘယ်သူဖြစ်တယ်ဆိုတဲ့ ကိုယ်စားပြုတွေက ဘ၀မှာ သိပ်အရေးမပါပါဘူး။ အရေးပါတာက ဘယ်သူငါ့ကို ယုံကြည်သလဲ? ချစ်ခင်သလဲ? တန်ဖိုးထားသလဲ? ပေါင်းသင်းသလဲ? ဆိုတာပါပဲ။ တကယ့်သူငယ်ချင်း အစစ်အမှန်ဆိုတာ လူတွေအားလုံး ကိုယ့်ကိုဝိုင်းပယ်ပြီး ထားခဲ့တဲ့အချိန်မှာ ကိုယ့်ဘေးမှာ ကျန်နေခဲ့မယ့်သူပဲဖြစ်တယ်။ အတူစားပါ၊ အတူသွားပါ၊ အတူပျော်ရွှင်ကြည်နူးပါ၊ အတူပြုံးပါ၊ အတူရယ်ပါ၊ သူငယ်ချင်းကောင်း မကောင်း ဒုက္ခရောက်တဲ့အခါမှ သိရပါသတဲ့။ ကိုယ်နဲ့အတူ ငြင်းခုန်ရန်ဖြစ်ဖို့ ကျန်ရစ်ခဲ့သူသာလျှင် ကိုယ့်ကိုအမှန်တကယ်ချစ်တဲ့သူဖြစ်တယ်။ ကိုယ်စိတ်ညစ်လို့ သူပျော်ရင် အဲဒါ ရန်သူ။ ကိုယ်ပျော်လို့ သူပျော်ရင် အဲဒါ သူငယ်ချင်း။ ကိုယ်စိတ်ညစ်လို့ သူစိတ်ညစ်ရင် အဲဒီလူတွေကို ကိုယ့်ရင်ဘတ်ထဲမှာ ထာဝရ သိမ်းထားလိုက်ပါ။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး ပြောမကုန်တဲ့ စကားတွေနဲ့ ဖောင်ဖွဲ့နေသူကို ဆိုလိုတာမဟုတ်ဘူး။ တကယ့်သူငယ်ချင်းဆိုတာ အတူရှိနေပြီး စကားတွေမပြောလည်း တစ်ယောက်ကိုတစ်ယောက် နားလည်နေသူကို ဆိုလိုပါတယ်။ တကယ့်သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်အခြေအနေကို သိနားလည်ပြီးသည့်တိုင် ကိုယ့်ကို ဆက်လက်နှစ်သက်နေသူဖြစ်တယ်။ တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ့်ဖက်က လိုချင်တာတွေ များသွားလို့ပါ။ ပြီးတော့ ကိုယ့်ကိုအများဆုံး စိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး။ ကိုယ့်စိတ်ပါ။ ကိုယ့်အတွေးပါ။ ကိုယ့်သဘောထားတွေ မှားနေလို့ပါ။ လူတွေကို မယုံတဲ့သူ လူတွေကို သည်းမခံနိုင်တဲ့သူ လူတွေအကြောင်း မကောင်းပြောတတ်သူဟာ အဖော်မဲ့တတ်တယ်။ အဖော်ကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖော်ကောင်း မိတ်ဆွေကောင်း သူငယ်ချင်းကောင်း ဖြစ်အောင်နေလိုက်ပါ။

မာယာဖြူ

1 comments:

Anonymous said...

ဖတ်ပီးသားပင်မဲ့..ဒီပို့စ်လေးကိုအကြိုက်ဆုံးမို့..ထပ်ဖတ်မိတယ်..
အမြဲတမ်းလဲငါဖတ်နေကျပို့စ်တခုဘဲ..^_^

ဖြူလေး(ယောင်းယောင်း)

Post a Comment

မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....

 

မာယာဖြူ Template by Ipietoon Blogger Template | Gadget Review