ဒီဆိုက်ဒ်လေး စတင်တဲ့အမှတ်တရအနေနဲ့ရော ကျွန်မရဲ့ မွေးနေ့အမှတ်တရအနေနဲ့ ပါ စာလေးတစ်ပုဒ်
ရေးချင်ပေမယ့် ဘာရေးရမလဲ သေချာစဉ်းစားမရတာနဲ့ပဲ တွေးမိခဲ့တဲ့ အားလုံးရဲ့မွေးနေ့တွေနဲ့
သက်ဆိုင်တာလေးကိုပဲ ရေးဖြစ်ခဲ့ပါတယ် ။ ။
မွေးနေ့ဆိုတာ တနည်းအားဖြင့် အတိတ်ဘ၀ရဲ့ ကံအကျိုးပေးကြောင့် ကျွန်မတို့တွေ ဒီခန္ဓာရလာခဲ့တဲ့နေ့ပါ ။ နေခဲ့တဲ့သက်တမ်းတစ်လျှောက် ဘ၀အတွက် ရုန်းကန်လှုပ်ရှားရင်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ကုသိုလ်စိတ်နဲ့နေခဲ့ချိန်၊ အကုသိုလ်စိတ်နဲ့နေ့ခဲ့ချိန် ဘယ်စိတ်နဲ့ နေချိန်ပိုများခဲ့သလဲဆိုတာကို တခြားနေ့တွေမှာ မတွေးရင်တောင်မှ ကိုယ့်မွေးနေ့ရောက်လာရင်တော့ ပြန်ဆင်ခြင်တွေးတောကြည့်ရင်း ရိုးရိုးသားသား အဖြေထုတ်ကြည့်သင့်ပါတယ် ။
အဲဒီလို ပြန်တွေးလိုက်တဲ့အခါ ကိုယ်ဘယ်စိတ်နဲ့ အများဆုံးနေထိုင်ဖြတ်သန်းခဲ့သလဲ ဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့မနက်ဖြန်ခရီးက ကံအကျိုးပေး လမ်းကြမ်းလား လမ်းကောင်းလား ဆိုတာ ဆင်ခြင်မိလာမှာပါ။
ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ မွေးနေ့ကျရောက်နေကြတာမို့ ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ရင်း အထူးပြုဆင်ခြင်ပြီး အချိန်မလင့်ခင် ဆင်ခြင်အမြင်နဲ့ လူတိုင်းဘ၀ခရီးဆက်နိုင်ကြဖို့ ဒီမွေးနေ့ပို့စ်လေးကနေ အကြံပြုရင်း
" HAPPY BIRTHDAY မာယာဖြူ " ....
ပြီးတော့ ဒီဆိုက်ဒ်လေးကို ကျွန်မအတွက်မွေးနေ့လက်ဆောင်အဖြစ် စတင်မွေးဖွားပေးခဲ့သူကိုလည်း ဒီပို့စ်ကနေပဲ “ကျေးဇူးတင်ပါတယ်” လို့ ထပ်ပြောလိုက်ပါရစေ ။ ။
အဲဒီလို ပြန်တွေးလိုက်တဲ့အခါ ကိုယ်ဘယ်စိတ်နဲ့ အများဆုံးနေထိုင်ဖြတ်သန်းခဲ့သလဲ ဆိုတဲ့ပေါ်မှာ မူတည်ပြီးတော့ ကိုယ့်ရဲ့မနက်ဖြန်ခရီးက ကံအကျိုးပေး လမ်းကြမ်းလား လမ်းကောင်းလား ဆိုတာ ဆင်ခြင်မိလာမှာပါ။
ကိုယ်တစ်ယောက်တည်းမဟုတ်ပဲ လူတိုင်းလူတိုင်း တစ်နေ့မဟုတ်တစ်နေ့ မွေးနေ့ကျရောက်နေကြတာမို့ ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကိ
" HAPPY BIRTHDAY မာယာဖြူ " ....
ပြီးတော့ ဒီဆိုက်ဒ်လေးကို ကျွန်မအတွက်မွေးနေ့လက်ဆောင်အြ
မာယာဖြူ
၈.၁၂.၂၀၁၁ {ကြာသပတေး}
2:10 PM
၈.၁၂.၂၀၁၁ {ကြာသပတေး}
2:10 PM
4 comments:
Happy Birthday
တစ်ချို့က မာယာကို အရောင်ပြောင်းကြတယ်
တစ်ချို့က မာယာကို အဖော်ပြုကြတယ်
အဲ့ဒီထဲကမှ မာယာ က မာယာကို ဖြူစင်စွာ ခင်မင်တယ်
မာယာ... မာ...ယာ.... မာယာဖြူ....
မွေးနေ့ အမှတ်တရလေးတွေနဲ့အတူ.....
ပျော်ရွှ့င်ရင်းနဲ့........
ZaunG
H@pPy BiRtHd@Y..chit snow
မွေးနေ့မှာစတင်တဲ့ဆိုဒ်လေးမှာစာကောင်းပေကောင်းလေးတွေနဲ့
အတွေးကောင်းကောင်းအရေးကောင်းကောင်းလေးတွေရေးနိုင်ပါစေ..
ဖြူလေး(ယောင်းယောင်း)
H@pPy BiRtHd@Y..chit snow
မွေးနေ့မှာစတင်တဲ့ဆိုဒ်လေးမှာစာကောင်းပေကောင်းလေးတွေနဲ့
အတွေးကောင်းကောင်းအရေးကောင်းကောင်းလေးတွေရေးနိုင်ပါစေ..
ghost2
မွေးနေ့ဆိုတော့ မှတ်ရလွယ်တာပေါ့ဗျာ..ကျွန်တော့ရဲ့ဘလော့လဲ ကဆုန်လပြည့်နေ့က စလုပ်ထားတာပါ။ ရှေ့ဆက်ပြီး အောင်မြင်တဲ့ blogger ဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ။.....
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....