ဘယ်လိုမျိုး ........ လဲ ?
ဘယ်တော့ .......... လဲ ?
တတွတ်တွတ်နဲ့ ဒီမေးခွန်းမျိုးတွေ
အရင်လိုခုန်ပေါက်ပြေးမထွက်တော့ဖို့
ကိုယ့်နှလုံးသားကိုယ် ထုံဆေးထိုးထားမိတယ် ။
အပြုံးတွေနဲ့ မျိုသိပ်နေတတ်ဖို့
ဘယ်သူသင်ပေးခဲ့လဲ ။
နှလုံးသားဆန္ဒတွေကို
တစ်စုံတစ်ရာက ချုပ်နှောင်လိုက်တဲ့အခါ
မက်ခဲ့တဲ့အိပ်မက်တွေနဲ့
ဘယ်နှစ်ရက် ဘယ်နှစ်လ ဘယ်နှစ်နှစ်ထိ
ေ၀၀ါးနေရအုံးမလဲ ။
လျှောက်ခဲ့ဖူးတဲ့ လမ်းတချို့မှာ
ခြေရာတွေကို ပြန်ရှာကြည့်တယ် ။
နှလုံးသားက ကမ်းစပ်မဟုတ်တော့
ဖြတ်လျှောက်သွားသူရဲ့ခြေရာအတိမ်အနက်
မမြင်သာစေခဲ့ပြန်ဘူးလေ ။
မျှော်လင့်ခြင်းကွင်းပြင် အဆုံးသတ်သွားတဲ့အခါ
အခြားတစ်ဘက်မှာ ဘာရှိနေမလဲ ?
အဖြေတွေ မရေရာပေမယ့်
နေ ပါ စေ တော့ လေ ။ ။
မာယာဖြူ
December 2, 2011 {Friday}
4:08 PM
2 comments:
အင်း.. ဟုတ်တာပေါ့.. နှလုံးသားက ကမ်းစပ်မဟုတ်ဘူး.. နင်းချင်တိုင်း နင်းခွင့်မပြုပါ :P :P
လျှောက်ခဲ့ဖူးတဲ့ လမ်းတချို့မှာ
ခြေရာတွေကို ပြန်ရှာကြည့်မိတဲ့အခါ ... ခပ်ပါးပါးလေးတော့ လွမ်းမိသား မမရယ် ... :)
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....