နင်နဲ့ငါ့ကြား
အမှတ်မထင်
ဘာမဟုတ်တာနဲ့ စကားများတဲ့အခါ
နင်ငါ့ကို
နားမလည်တဲ့အခါ
စိတ်မရှည်တဲ့အခါ
မယုံကြည်တဲ့အခါ
ငါစိတ်ဆိုးတာကို
နင်တလွဲတွေးတဲ့အခါ
နှုတ်ဆိတ်ရင်နာရုံကလွဲလို့
ဘာမှမတတ်နိုင်ပါ
ဘာမှလည်းမပြောချင်ပါ
သေချာတာကတော့
ဘာအကြောင်းနဲ့မှ
ဘာအတွက်ကြောင့်မှ
နင့်ကိုငါ
စိန်မခေါ်ခဲ့ဖူးပါ....။
မာယာဖြူ
21.04.2011
(Thursday)
3:29 PM
1 comments:
ဒီကဗျာလေးကိုလဲကြိုက်တယ်
ဟုတ်တယ် ဘယ်သူ့ကိုမှ ဘာအတွက်နဲ့မှ
စိန်မခေါ်ခဲ့ဖူးပါ------
ခင်မင်တဲ့ sis jasmine
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....