ဝေး သွား ခဲ့ ရင်
ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ငါ့နှလုံးသားကိုပါ
မေ့ဖျောက်လွှင့်ပစ်ဖို့ မင်း လွယ်ပေမယ့်
ကြင်နာခဲ့တဲ့ နေ့ရက်တွေကို
ငြင်းဆန်ဖို့ မင်း ခက်လိမ့်မယ် ...
အနမ်းတစ်ခုဟာ အနမ်းတစ်ခုအဖြစ်နဲ့
ခြေရာတစ်စုံဟာ ခြေရာတစ်စုံအဖြစ်နဲ့
အတူရှိဖူးတဲ့နေရာတွေမှာ ထင်ကျန်ရစ်ဦးမယ် ...
အချစ်ဆိုတာ
စကားတစ်လုံးသက်သက် မဟုတ်ပါဘူး
လေထဲမှာ မှိန်ပြယ်သွားတတ်ပေမယ့်
နှလုံးသားမှာ ခပ်နှိပ်ထားတဲ့အရာဖြစ်တယ် ...
ငါဟာ မင်းအတွက်
တဒင်္ဂ ယစ်မူးမှု ဖြစ်နိုင်ပါတယ် ...
မင်းဟာ ငါ့အတွက်တော့
ထာဝရ ကြေကွဲမှု ဖြစ်တယ် ...
မင်း တန်ဘိုးထားသည်ဖြစ်စေ
မေ့လျော့သည်ပဲဖြစ်စေ
ငါမင်းကိုချစ်ခဲ့တယ်ဆိုတာ မင်းသိသင့်တယ် ...
ငါ ဘယ်လောက်ပဲ မာကြောနေပါစေ
မင်း မမြင်နိုင်ခဲ့တဲ့
ဒီရင်ဘတ်ထဲမှာ တို့နှစ်ယောက်အတွက်
မျှော်လင့်ချက်တွေ ရှိခဲ့တယ် ...
အကယ်၍များ
ဝေးသွားခဲ့ရင်
ငါမပါတဲ့ဘ၀တစ်ခုမှာ
မင်း ပျော်ရွှင်စေဖို့ ဆုတောင်းပေးမှာပါ ...
အကယ်၍များ
မင်းနဲ့ငါ
ဝေး သွား ခဲ့ ရင် ပေါ့ .........
မာယာဖြူ
5.10.2011 {ဗုဒ္ဓဟူး}
11: 15 pm
1 comments:
အကယ်၍များ
မင်းနဲ့ငါ
ဝေး သွား ခဲ့ ရင် ပေါ့ .........
ယောင်းယောင်း
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....