ကိုယ့်ဘေးက ချစ်သူကို သူ့အရှိအတိုင်းပဲချစ်ပါ။ အရာရာကို ကိုယ့်စိတ်ကြိုက် ပြုပြင်ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်စိတ်ကြိုက်ပုံသွင်းဖို့ ကြိုးစားမယ်ဆိုရင် ဒါဟာ "အချစ်" မဟုတ်ပါဘူး။ "အပေးအယူ" တစ်ခုပဲဖြစ်ပါလိမ့်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဘာလဲ / ဘာလုပ်နေလဲ ကိုယ်တိုင်အသိဆုံးမို့ ကိုယ်မကြိုက်တာကိုလည်း ကိုယ့်ကိုချစ်တဲ့စိတ်နဲ့ သူ့အလိုလိုပြုပြင်ပြောင်းလဲလာပါလိမ့်မယ်။ သူ့အတွက် ကိုယ့်နှလုံးသားထဲက စစ်မှန်တဲ့ ကြင်နာနွေးထွေးမှုနဲ့ အချိန်လေးသာပေးလိုက်ပါ။
မာယာဖြူ
(1.5.2011)
Sunday 5:52 PM
1 comments:
ကိုယ့်မှာ အပေးအယူတွေများနေလား အချစ်တွေများနေလားဆိုတာ တွေးပြီးပြန်သွားတယ်။
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....