
ပြောနေကျစကားတွေထက်လည်း ပိုပြီးမပြောတတ်တော့ပါဘူး.. ခဏခဏလည်း မပြောချင်ဘူး..
ကိုယ့်ရင်ထဲကဒဏ်ရာတွေကို ဘယ်လိုစကားလုံးမျိုးနဲ့ပြောပြရမလဲဆိုတာလည်း မသိတော့ဘူး..
ကိုယ်ပြောတဲ့စကားတွေထက် ကိုယ့်ရင်ထဲကဒဏ်ရာက အဆပေါင်းများစွာ ပိုပြီးနက်နဲတယ်ဆိုတာ
မင်းက
လည်း ဘယ်တော့မှသိမှာမဟုတ်ဘူး... ကိုယ်ကိုယ်တိုင်လည်း အပြောတစ်မျိုး အလုပ်တစ်မျိုး အမြဲလုပ်တတ်တဲ့မင်းစိတ်ကို မမှန်းဆနိုင်ခဲ့ပါဘူး ...
နောက်ဆုံးတော့ ကိုယ့်ဘက်ကအလိုက်သိပေးခဲ့သလို မင်းဘက်ကလည်းအလိုက်သိပေးဖို့
တိတ်တိတ်လေးပဲမျှော်လင့်ထားတဲ့ ကိုယ်က ညံ့ခဲ့တာပဲဖြစ်မှာပါ ...
နောက်ဆုံးတော့ မင်းဆိုတာ ကိုယ်မဟုတ်ဘူး ဆိုတာ လက်ခံသင့်တာက ကိုယ်ပဲဖြစ်မှာပါ ...
မာယာဖြူ
21.6.2012 (တနင်္လာ)
1:00 PM