
ကိုယ့်ရင်ထဲကဒဏ်ရာတွေကို ဘယ်လိုစကားလုံးမျိုးနဲ့ပြောပြရမလဲဆိုတာလည်း မသိတော့ဘူး..
ကိုယ်ပြောတဲ့စကားတွေထက် ကိုယ့်ရင်ထဲကဒဏ်ရာက အဆပေါင်းများစွာ ပိုပြီးနက်နဲတယ်ဆိုတာ
မင်းကလည်း ဘယ်တော့မှသိမှာမဟုတ်ဘူး... ကိုယ်ကိုယ်တိုင်လည်း အပြောတစ်မျိုး အလုပ်တစ်မျိုး အမြဲလုပ်တတ်တဲ့မင်းစိတ်ကို မမှန်းဆနိုင်ခဲ့ပါဘူး ...
နောက်ဆုံးတော့ ကိုယ့်ဘက်ကအလိုက်သိပေးခဲ့သလို မင်းဘက်ကလည်းအလိုက်သိပေးဖို့
တိတ်တိတ်လေးပဲမျှော်လင့်ထားတဲ့ ကိုယ်က ညံ့ခဲ့တာပဲဖြစ်မှာပါ ...
နောက်ဆုံးတော့ မင်းဆိုတာ ကိုယ်မဟုတ်ဘူး ဆိုတာ လက်ခံသင့်တာက ကိုယ်ပဲဖြစ်မှာပါ ...
မာယာဖြူ
21.6.2012 (တနင်္လာ)
1:00 PM
6 comments:
ဟုတ်တယ် အဲလိုပဲမျှော်လင့်နေရတာ ၊ ထက်တူပဲဗျို့ ........
နောက်ဆုံးကဗျာကြောင်းလေးက ထိတယ်
“နောက်ဆုံးတော့ ကိုယ့်ဘက်ကအလိုက်သိပေးခဲ့သလို မင်းဘက်ကလည်းအလိုက်သိပေးဖို့
တိတ်တိတ်လေးပဲမျှော်လင့်ထားတဲ့ ကိုယ်က ညံ့ခဲ့တာပဲဖြစ်မှာပါ ...
နောက်ဆုံးတော့ မင်းဆိုတာ ကိုယ်မဟုတ်ဘူး ဆိုတာ လက်ခံသင့်တာက ကိုယ်ပဲဖြစ်မှာပါ ...”
တိတ်တိတ်လေးမျှော်လင့်ခဲ့မိတာကို တိတ်တိတ်လေးပဲ ဖျက်ဆီးပစ်လိုက်ပါတယ် ... မမရေ ...
နောက်ဆုံးတော့ မင်းဆိုတာ ကိုယ်မဟုတ်ဘူး ဆိုတာ လက်ခံသင့်တာ----
ဟုတ်တာပေါ့နော်
ခုပဲ ရေးတာခုပျောက်သွားပြီ
သများရေးတဲ့ကွန်မက်လေးပျက်သွားတယ်ထင်တာပဲ ရှိတော့ဘူးနော်
@စံပယ်ချို >> ဟိုနေ့က comment တွေက Spam ထဲမှာ ၀င်နေလို့ ခုမှတွေ့တာနဲ့ published လုပ်ပေးလိုက်ပါတယ် .. :)
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....