
မင်း ငါ့ကို
မြင်သည်ဖြစ်စေ
မမြင်သည်ဖြစ်စေ
ငါ ဒီနေရာမှာပဲ ရှိနေပါတယ် ..
မင်း ငါ့ကို
လွမ်းသည်ဖြစ်စေ
မလွမ်းသည်ဖြစ်စေ
ငါ အမြဲတမ်း လွမ်းနေပါတယ် ..
မင်း ငါ့ကို
ချစ်သည်ဖြစ်စေ
မချစ်သည်ဖြစ်စေ
ငါ အမြဲတမ်း ချစ်နေပါတယ် ..
မပြောင်းလဲပါဘူး
မင်းကိုထွေးပွေ့ခွင့်ပေးပါ
ဒါမှမဟုတ်
မင်းကို
နှလုံးသားထဲမှာ
ထာဝရ
သိမ်း ထား ခွင့် ပြု ပါ . . .
မာယာဖြူ
၁၇.၉.၂၀၁၂ (တနင်္လာ)
1၀:55 PM
၁၇.၉.၂၀၁၂ (တနင်္လာ)
1၀:55 PM
4 comments:
မမရေကဗျာအသစ်လေးကိုအရမ်းကြိုက်၏
ကဗျာလေးကောင်းတယ်
ကဗျာလေးက ရိုးရိုးလေး...စကားလုံးအဆန်းတွေမပါဘူး..
ဒါပေမဲ့..ကောင်းတယ်နော်...ခံစားအားပေးသွား၏
ခင်မင်နေတဲ့..မိုးနတ်
ရိုးရိုးလေးနဲ့ရင်ကိုထိတဲ့ကဗျာလေးပါ
sis jasmine
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....