ဝင်သက်ထွက်သက်တိုင်း အတွေးထဲကရုပ်လွာတစ်ခုကို
မေ့နိုင်ဖို့အကြိမ်ကြိမ်အခါခါ ငါ ကြိုးစားပါတယ်
နောက်ဆုံးတော့လည်း အလွမ်းတွေပဲကျန်ရစ်တယ် ...
အလွတ်မကျက်ဘဲနဲ့  ရင်ထဲကအမှတ်တရတွေ
ဘယ်ချိန်ကများ ငါသိမ်းဆည်းမိခဲ့ပါလိမ့် ...
အထီးကျန်ညတွေကို ပုံပြင်မဟုတ်မှန်းသိရက်နဲ့ 
တစ်ခါတစ်လေတော့လည်း
စိတ်ကူးတွေနဲ့ ငါ ပျော်နေတတ်ပါပြီ ...
နှင်းစက်ကလေးတွေ ငွေ့ရည်ဖွဲ့ချိန်တုန်းက
နှစ်ယောက်အတူ လက်တွဲခဲ့ပေမဲ့
ငါတို့အချစ်ကနိမိတ်လိုတော့ မအေးချမ်းခဲ့ပါလား ...
နင်ပေးခဲ့တဲ့
သက်သေမရှိတဲ့ ကတိတွေ
လှည့်စားမှု သီအိုရီတွေ
အဲဒါတွေရဲ့အဆုံး
နောက်ဆုံးတော့
အနားသတ်မရှိတဲ့ မျှော်လင့်ခြင်းတွေပဲ
ငါ့ရင်ခွင်ကို အပ်ခဲ့တယ် ...
နာကြည်းပေမဲ့ မမုန်းတတ်တာ
ဘာကြောင့်လဲ ...
အခုတော့လည်း
မပြောင်းလဲမယ့် မျှော်လင့်ချက်နဲ့
" ဒီအလွမ်းတွေကို တစ်နေ့တော့ သူ နားလည်လာမှာပါ " လို့ပဲ . . . .
မာယာဖြူ
၂၆.၉.၂၀၁၂ (ဗုဒ္ဓဟူး)
5:12 PM
5 comments:
နင်ပေးခဲ့တဲ့
သက်သေမရှိတဲ့ ကတိတွေ
လှည့်စားမှု သီအိုရီတွေ
အဲဒါတွေရဲ့အဆုံး
နောက်ဆုံးတော့
အနားသတ်မရှိတဲ့ မျှော်လင့်ခြင်းတွေပဲ
ငါ့ရင်ခွင်ကို အပ်ခဲ့တယ် ...
ကဗျာလေးကောင်းတယ်
အနားသတ်မဲ့အလွမ်းတွေကို တစ်ကယ်ရော တစ်နေ့နေ့ သူနားလည်နိုင်ပ့ါမလား မမရယ် :(
ကဗျာလေးကောင်းတယ်နော်....တစ်ပုဒ်လုံးကို ကြိုက်မိပါတယ်...
စာသားလေးတွေကလဲ ခံစားရတယ်
အားပေးသွားတယ်နော်..
ခင်မင်နေတဲ့..မိုးနတ်
ကဗျာလေးထဲ ပျော်ဝင်ခံစားသွားတယ် :D
အလွမ်းလေးတွေကိုချစ်တတ်ခံစားတတ် နားလည်တတ်တဲ့
sis jasmine
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....