တစ်ကိုယ်ရည်အဖော်ဝေးလို့
အတွေးမှာတောင်
စံပယ်မကြွေ ခရေလည်းမမွှေး
ရနံ့ဝေးတဲ့ ည ..
ကြားတစ်ချက်မကြားတစ်ချက်
အဝေးကဂစ်တာသံကြား
သတိရမိတာ
တစ်ခါတုန်းက
သူသီချင်းတွေဆိုပြတဲ့ ည ..
တိမ်ပ၀ါခပ်ပါးပါးခင်းလို့
လေညှင်းအသော့မှာ
ငွေကြယ်တို့ရီးလေးခို
မှောင်တစ်ချက်လင်းတစ်ချက်
တဖျပ်ဖျပ်နဲ့
ငွေလကိုအံတုနေတဲ့ ည ..
အလင်းတစ်ဝက်တစ်ပျက်ကြား
အုံးစက်ရာလည်းမပျော်
ချစ်သူရှိရာမျှော်မှန်း
ဘယ်လောက်ပဲဝေးစမ်းပါစေ
သူရှိရာသာတမ်းတ
ဒီည
သူ့ ကို လွမ်း တဲ့ ည ...
မာယာဖြူ
၂၃.၁၀.၂၀၁၂ (အင်္ဂါ)
12:15 AM
5 comments:
ခံစားလို့ကောင်းတဲ့ ကဗျာလေး တစ်ပုဒ်ပါပဲ ကြိုက်တယ်ဗျာ
ကဗျာလေးအရမ်းလှတယ်
အရမ်းကောင်းတယ်ကဗျာလေးတစ်ပုဒ်
ခံစားဖတ်သွားပါတယ်......
တစ်ကိုယ်ရည်အဖော်ဝေးလို့
အတွေးမှာတောင်
စံပယ်မကြွေ ခရေလည်းမမွှေး
ရနံ့ဝေးတဲ့ ည ..----
အဲဒီညလေးမှာပဲ မကြီးစံပယ်လာရောက်ဖတ်ခဲ့ပါတယ်
ခင်မင်တဲ့ sis jasmine
``ချစ်သူရှိရာမျှော်မှန်း
ဘယ်လောက်ပဲဝေးစမ်းပါစေ
သူရှိရာသာတမ်းတ
ဒီည
သူ့ ကို လွမ်း တဲ့ ည ...´´ လွမ်းချက်ကြီးက လန်ထွက်နေတာပဲ မမ ... :)
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....