မွေးနေ့ဆိုတာ တနည်းအားဖြင့် အတိတ်ဘ၀ရဲ့ကံအကျိုးပေးကြောင့် ဒီခန္ဓာရလာခဲ့တဲ့နေ့ပါ...
နေခဲ့တဲ့သက်တမ်းတစ်လျှောက် ဘ၀အတွက်ရုန်းကန်လှုပ်ရှားရင်း ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ကုသိုလ်စိတ်နဲ့နေခဲ့ချိန် အကုသိုလ်စိတ်နဲ့နေခဲ့ချိန် ဘယ်စိတ်နဲ့နေခဲ့ချိန်ပိုများခဲ့သလဲဆိုတာကို တခြားနေ့တွေမှာ မတွေးရင်တောင်မှ ကိုယ့်မွေးနေ့ရောက်လာရင်တော့ ပြန်ဆင်ခြင်တွေးတောကြည့်ရင်း ရိုးရိုးသားသားအဖြေထုတ်ကြည့်ပါ...
အဲ့ဒီလို ပြန်တွေးလိုက်တဲ့အခါ ကိုယ်ဘယ်စိတ်နဲ့အများဆုံးနေထိုင်ဖြတ်သန်းခဲ့သလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ ကိုယ့်ရဲ့မနက်ဖြန်ခရီးက ကံအကျိုးပေးလမ်းကြမ်းလား လမ်းကောင်းလား ဆိုတာဆင်ခြင်မိလာမှာပါ...
တစ်နှစ်တစ်ကြိမ် ကိုယ့်မွေးနေ့ရောက်တိုင်း ကိုယ်ဖြတ်သန်းခဲ့တဲ့ အချိန်တွေကို ပြန်သုံးသပ်ရင်း ကိုယ့်ကိုမွေးဖွားသန့်စင်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ အမိအဘရဲ့ကြီးမားလှတဲ့ကျေးဇူးတရားကိုလည်း အထူးပြုဆင်ခြင်ပြီး ဘ၀ခရီးဆက်နိုင်ပါစေ လို့ ဆန္ဒပြုရင်းနဲ့
"HAPPY BIRTHDAY MY LOVE"
MAY GOD BLESS YOU & MAY ALL YOUR DREAMS COME TRUE
မာယာဖြူ
April 13, 2015