တစ်ဘက်မှာသောင်ထွန်းဖို့
တစ်ဘက်ကကမ်းပါးပြိုပေးရတယ်
ဒါသဘာဝပဲ ...
တစ်စုံတစ်ယောက်ရဲ့နှလုံးသား မြေခတဲ့နေ့တုန်းက
တချို့တွေအတွက်တော့ “အပျော်ဆုံးနေ့လေး” တဲ့ ...
ဘယ်ဘက်ရင်အုံအောက်နားမှာ နာနေလိုက်တာများ
မသင်ပဲတတ်ခဲ့တဲ့ အသက်ရှူခြင်းကတောင်
တစ်ချက်တစ်ချက် ခက်ခဲနေပြန်တယ် ...
မွန်းကျပ်လွန်းလို့ လွတ်မြောက်ချင်လည်း
ခြေလှမ်းတွေက တ၀ဲလည်လည်နဲ့
ဒီနေရာပဲ ပြန်ပြန်ရောက်နေတယ် ...
နာကျင်ခြင်း ဆိုတာ
အားလုံးဆုံးရှုံးသွားလို့ ထိရှခဲ့တဲ့ဒဏ်ရာလား ...
တစ်ချို့ကဆိုတယ်
မင်းနောက်ကျခဲ့တယ် တဲ့
ဟင့်အင်း တကယ်တော့ကျမနောက်မကျခဲ့ပါဘူး
နေ၀င်ချိန်ကိုက စောလွန်းခဲ့တာ ...
မာယာဖြူ
၁.၄.၂၀၁၅ (ဗုဒ္ဓဟူး)
0 comments:
Post a Comment
မျှဝေခံစားမှုမှတဆင့် အမြင်လေးတွေ ပြန်လည်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်....